ဖိလစ်ပိုင် တက္ကသိုလ်တွင် ကျောင်းသားများကို Dota 2 ဂိမ်းသင်ရိုး စတင်ပို့ချ

ဖိလစ်ပိုင်နိုင်ငံမှာ ကျောင်းသားအများစုဟာ ကွန်ပျုတာ ဂိမ်းများဆော့ကစားရန်အတွက် ကျောင်းပြေးပြီး Dota 2 စတဲ့ဂိမ်းများကို သွားဆော့ကစားလေ့ရှိကြပါတယ်။ကွန်ပျုတာဂိမ်းများကြောင့် ကျောင်းသားများရဲ့ ပညာရေးထိခိုက်လာတဲ့အတွက် ဖိလစ်ပိုင်အစိုးရဟာ အထက်တန်းကျောင်းများနဲ့ တက္ကသိုလ်များတစ်ဝိုက်မှာ ကွန်ပျုတာဂိမ်းဆိုင်များဖွင့်လှစ်ခြင်းမပြုကြရန် အမိန့်ထုတ်ပြီး ပိတ်ပင်ခဲ့ပါတယ်။

သို့ပေမဲ့ လည်း ဒီဥပဒေဟာ ထိရောက်စွာ အကျိုးသက်ရောက်ခြင်းမရှိဘဲ ကျောင်းသားများဟာ အတန်းတွေပြေးပြီး ကွန်ပျုတာဂိမ်းဆိုင်တွေမှာ သွားရောက်ဆော့ကစားလျက်ရှိနေကြတုန်းပါပဲ။အခုနောက်ပိုင်းကာလတွေမှာ ဖိလစ်ပိုင်လူငယ်တွေကြား ခေတ်စားနေတဲ့ဂိမ်းဟာ Dota 2 (Defense of the Ancients) ဆိုတဲ့ အွန်လိုင်းဗီဒီယိုဂိမ်း တစ်မျိုးဖြစ်ပြီး Valve Corporation မှ ၂၀၁၃ ခုနှစ်တွင်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ဒါအပြင် ဖိလစ်ပိုင်မှ Dota အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TNC Pro Team မှာ ပြိုင်ပွဲစုံအရပ်ရပ်မှာ ဒေါ်လာ သန်းချီအနိုင်ရခဲ့ပြီးနောက်ပိုင်းမှာ ဖိလစ်ပိုင်လူငယ်အများစုဟာ ဂိမ်းကစားရင်း ပိုက်ဆံရှာဖို့ စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

READ
iPhone 8 မှာ 3D selfie ကင်မရာ ပါဝင်လာနိုင်ဖွယ်ရှိ

ဒီလို ကျောင်းသားလူငယ်တွေ ဂိမ်းကစားခြင်းအပေါ်ရူးသွပ်မှုကို ဖိလစ်ပိုင်နိုင်ငံ အဓိက ကျွန်းစု သုံးခုအနက်ကျွန်းစုတစ်ခုဖြစ်တဲ့ ဗီဆရာ ကျွန်းစု (Visayas) မှ တက္ကသိုလ်တစ်ခုက သူတို့အနာဂါတ်အတွက် အခွင့်အရေးတစ်ခု အဖြစ်ပြောင်းလဲပေးဖို့ ခြေလှမ်းတစ်ခုစတင်ခဲ့ပါတယ်။သူတို့ရဲ့ ခြေလှမ်းကတော့ ဗီဆရာ တက္ကသိုလ်မှ (University of The Visayas New School (UVNS)) E- sports နဲ့ ဂိမ်းကစားခြင်းဆိုင်ရာ သင်ရိုးညွှန်းတန်းကို ကျောင်းမှာ တရားဝင် သင်ရိုးညွှန်းတန်းတစ်ခု အဖြစ် သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

” ကျွန်တော်တို့ သင်ရိုးညွှန်းတန်းထဲမှာ Dota 2 ဂိမ်းအတွက် ဂိမ်းမဟာဗျုဟာ စနစ်တွေကိုပို့ချသွားမှာဖြစ်တဲ့အပြင် ဂိမ်းဒီဇိုင်းရေးဆွဲခြင်း၊2D,3D ဂိမ်း  animation နဲ့ ဂိမ်း ဖန်တီးခြင်း သင်ရိုးညွှန်းတမ်း များကိုပါ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး ပညာသင်နှစ် ၂ နှစ်ကြာတဲ့ အခါမှာ ကျောင်းသားဟာ ဂိမ်းတီထွင်ဖန်တီးသူတွေ၊ဂိမ်းဒီဇိုင်းဆွဲသူတွေ၊ဒါမှာမဟုတ် professional ပြိုင်ပွဲတွေမှာ e-sports players တွေအဖြစ်အသက်မွေးသွားနိုင်မှာ ဖြစ်ပါတယ်။ ” လို့  ဗီဆရာ တက္ကသိုလ်တည်ထောင်သူနဲ့ ကျောင်း စီမံခန့်ခွဲရေးမှူးဖြစ်သူ ဂျနီဆစ် ရာနာ (Genesis Raña) က အင်တာဗျုးတစ်ခုမှာ  ပြောကြားခဲ့ပါတယ်။

READ
Samsung နဲ့ iPhone ဘယ်ဖုန်းက ကျည်ဆံကိုပိုကာကွယ်နိုင်လဲ

e-sports မေဂျာမှာ ပါဝင်မဲ့ ဘာသာရပ်တွေကတော့ သီအိုရီ၊mechanics၊မဟာဗျုဟာ နဲ့ ဂိမ်းအကြောင်းပြည့်စုံစွာ လက်တွေ့လေ့လာခြင်းနဲ့ ဂိမ်းဒီဇိုင်း၊ဂိမ်းအမျိုးအစားနဲ့ ဂိမ်းတီထွင်လိုသူများအတွက် စွန့်ဦးတီထွင်မှု ဆိုင်ရာ ဘာသာရပ်များကိုပါ သင်ကြားပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

Arkar Hein (Shwemom)

Ref : Viral For Real

SHARE