ဆာအဲလက်ဖာဂူဆန်တစ်ခါမှမအော်ခဲ့ဖူးတဲ့ ကစားသမားရဲ့ နာမည်ကိုပြောပြခဲ့တဲ့ ရွန်းနီ

ဂန္တ၀င် စကော့တလန်သား နည်းပြကြီးဖာဂူဆန်ဟာ နာမည်ကျော်ကစားသမားများစွာကို နည်းပြခဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်ကစားသမားကမှ အသင်းထက် မကြီးမြတ်ဘူးလို့ ခံယူထားတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ဒါကိုပြသနေတဲ့ ဥပမာ တစ်ခုကတော့ နစ္စတယ်ရွိုင်း၊ဒေးဗစ်ဘက်ခမ်းနဲ့ ဂျပ်စတန်တို့ ကို နည်းပြနဲ့ သဘောထားခြင်းမတိုက်ဆိုင်လို့ ရောင်းချခဲ့တာ ပါပဲ။

ကစားပွဲ နားချိန် ၁၅ မိနစ်အချိန်တွေမှာ ကစားသမား အ၀တ်လဲခန်းသို့ ဖာဂူဆန် ၀င်သွားတတ်ပြီး ကစားသမားများကို ဆူပူကြိမ်းမောင်းတတ်ပါတယ်။ဒီအထဲမှာ မန်ယူအသင်းလက်ရှိအသင်းခေါင်းဆောင်ဖြစ်နေတဲ့ ရွန်းနီတစ်ယောက်လည်း မကြာခဏ အဆူခံခဲ့ရသူတစ်ဦးဖြစ်ပြီး ဖာဂူဆန်ရဲ့ hairdryer treatment လို့ခေါ်တဲ့ အ၀တ်လဲခန်းထဲမှာ ဖာဂူဆန်တစ်ယောက် ကစားသမားများကို ဆူပူကြိမ်းမောင်းတဲ့ စနစ်ကနေ လွတ်ကင်းတဲ့ ကစားသမားဟာ နာနီ တစ်ယောက်သာရှိခဲ့ဖူးတယ် လို့ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ရွန်နီဟာ Daily Mail နဲ့တွေ့ဆုံစဉ်မှာ ” ဆာအဲလက်ဟာ ပါးနပ်တဲ့ လူတစ်ယောက်ပါ။သူဟာ ဘယ်သူကိုဆူပူကြိမ်းမောင်းရင် ရလာဒ်ကောင်းတွေ ထွက်လာမလဲဆိုတာကို သိပြီး ဘယ်သူကိုတော့ မဆူသင့်ဘူးဆိုတာ ကောင်ကောင်းကြီး သိသူတစ်ယောက်ပါ။ကျွန်တော်ကိုဆို ဆူပူတာဟာ အကောင်းဆုံးဖြစ်စေတယ် ဆိုတာ သိပြီးတော့ နာနီကိုဆူလည်း မထူးခြားဖူးဆိုတာ ကို သူသိပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။

READ
ဒိုင်လူကြီးကိုတောင် လူကပ်ကစားခဲ့တဲ့ အာဆင်နယ်ခံစစ်မှုးမူစတာဖီ

ပေါ်တူဂီ ကွင်းလယ်ကစားသမားဖြစ်သူ နာနီဟာ မိမိ ကိုယ်ကိုယ် ယုံကြည်ချက်ပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်ပြီး ကွင်းထဲမှာ အကောင်းဆုံး ကစားနိုင်ဖို့ အတွက် ယုံကြည်ချက် ပြည့်ဝဖို့လိုအပ်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ မိမိကိုယ်ကို ယုံကြည်ချက်နည်းပါးသွားရင် ကွင်းထဲမှာ အမှားများကို လုပ်တတ်လေ့ရှိတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ဒါကြောင့် ဖာဂူဆန်လို ပါးနပ်တဲ့ မန်နေဂျာ တစ်ယောက်ဟာ သူ့ရဲ့  hairdryer treatment နဲ့ နာနီကို တွန်းအား မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရွန်းနီတို့လို ကစားသမားကျတော့ အ၀တ်လဲ ခန်းထဲမှာ ဆူပူခံရလေ ပိုပြီး ကောင်းကောင်းကစားနိုင်လေဖြစ်တဲ့ အတွက် အ၀တ်လဲခန်းထဲမှာ ဖာဂူဆန်ရဲ့ ဆူပူကြိမ်းမောင်းခြင်းကို မကြာခဏ ခံရတယ် လို့သိရပါတယ်။

READ
ခရစ္စမတ်နေ့မှာ မနက်(4:30)နာရီမှစပြီး လေ့ကျင့်ခန်းဆင်းဖို့ အမိန့်ထုတ်ခဲ့တဲ့ မော်ရင်ဟို

Arkar Hein (Shwemom)

Ref : The Sun

SHARE