ဘ၀ရဲ့အရေးပါတဲ့ကိစ္စရပ်တွေ အမြန်ပြီးမြောက်စေဖို့ လျှို့ဝှက်ချက် (၅)ချက်

ဘ၀ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ ပြီးမြောက်ချင်ရင် အရေးမပါတာတွေကို ဦးစားပေး မလုပ်မိဖို့ လိုပါတယ်။ တစ်ချို့
တွေဟာ လူချင်းတူပါလျှက် ဘာကြောင့် ပိုပြီး အောင်မြင်သလဲဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့အညီ ပြုမူ နေထိုင်လို့ ဖြစ်ပါတယ်။ Shwemom ရဲ့ ပရိသတ်ကြီးအတွက် ဘ၀ရဲ့အရေးပါတဲ့ကိစ္စရပ်တွေ အမြန်ပြီးမြောက်စေဖို့ လျှို့
ဝှက်ချက်တွေကို ဖောပြပေးလိုက်ပါတယ်။

(၁) တစ်ခြားသူတွေရဲ့ အောင်မြင်မှုတွေကိုပဲ အားကျမနေပါနဲ့

သူများ အောင်မြင်မှုကို မနာလိုစရာလည်း မလိုသလို၊ ပုဂ္ဂိုလ်ရေးအရ ချီးကျူးမှုက လွဲရင် တစ်ခြား ကြိတ်ပြီး ကြည်ညိုနေတာမျိုးကို ရှောင်ရပါမယ့်။ သူတောင် ဒီလိုဖြစ်သေးတာ .. ငါက သူ့ထက် သာရမယ်လို့ မိမိကိုယ်ကို ယှဉ်ပြိုင်ရဲတဲ့စိတ်
မွေးပေးရပါမယ်။ မိမိလည်း အောင်မြင်သူတစ်ယောက် ဖြစ်နိုင်ကြောင်း အမြဲ တွေးနေရပါမယ်။

READ
အောင်မြင်သောဧည့်လမ်းညွှန်တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များ

(၂) ဘာမှမလုပ်ခင် ဦးစားပေးလုပ်ရန်စာရင်း ပြုစုပါ

အရေးပါတဲ့ အရာတွေ ပြီးမြောက်ဖို့ အရေးမပါတာတွေ မလုပ်ခြင်းက အလွန်ထိရောက်ပါတယ်။ တစ်နေ့တာ လုပ်ရန် စာ
ရင်းမှာ အရေးကြီးဆုံးတွေကို ဦးစားပေးပြီး ရေးကာ ဒီအစဉ်အတိုင်း အတိအကျ ပြီးမြောက်အောင် လုပ်ကြည့်ပါ။ သင့်ဘ၀ဟာ အချိန်တိုအတွင်း တိုးတက်လာမှာ မလွဲပါဘူး။

(၃) အချိန်ကို အကျိုးမဲ့မဖြစ်ပါစေနဲ့

အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းဟာ အောင်မြင်နေသူတွေရဲ့ အဓိက လျှို့ဝှက်ချက်ပါဘဲ။ ဒီတော့ ကိုယ့်အချိန်ကို ဘယ်
လိုနည်းက အကျိုးမဲ့ဖြစ်စေသလဲဆိုတာ သိဖို့လိုသလို၊ ဘယ်နည်းနဲ့ အကျိုးရှိရှိ အသုံးချရမလဲဆိုတာကိုလည်း ပိုင်းခြား
ဝေဖန်တတ်ဖို့ လိုပါတယ်။

(၄) စိတ်ဖိအားတွေကို စနစ်တကျ ဖယ်ရှားပါ

အလုပ်တွေ များလာလေ စိတ်ဖိအားတွေ အမျိုးမျိုးဝင်လေပါဘဲ။ ဒီတော့ စိတ်ဖိအားတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြေ
ပျောက်အောင် လုပ်တတ်ဖို့ လိုပါတယ်။ ဒါဟာ ဘ၀မှာ အကျိုးရှိတာတွေ တစ်လျှောက်လုံး လုပ်နိုင်ဖို့အတွက် ရေရှည်
ကျင့်သုံးရမယ့် နည်းလမ်းဖြစ်ပါတယ်။

READ
သင်နာမည်ကျော် စာရေးဆရာတစ်ယောက် ဖြစ်နိုင်ချေရှိလား?

(၅) ကိုယ့်ကိုယ်ကို အားပေးချီးမြှောက်ပါ

ဘယ်သူကမှ မချီးမြှောက်ချင်နေ ကိုယ့်ကိုယ်ကိုတော့ ချီးမြှောက်ဖို့ မမေ့ပါနဲ့။ ဒါက မိမိကို စိတ်ဓာတ်ခွန်အားရော၊ ကာယ
ခွန်အားပါ အပေးနိုင်ဆုံးဖြစ်ပါတယ်။ နောက်ပြီး ဘယ်သူ့ကိုမှ တကူးတက ခယနေစရာမလိုတဲ့ အလွယ်ဆုံးရနိုင်တဲ့ စိတ်
ဓာတ်မြှင့်တင်နည်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်မှုတစ်ခု ရပြီးတိုင်း ငါ ဒီထက် အောင်မြင်ရမယ်လို့သာ ကိုယ့်ကိုယ်ကို အားပေးပါ … သင့်အောင်မြင်မှုကို မကြာခင် လူတိုင်း အားကျသွားစေရပါမယ်။

လင်းဇော်ကို (Shwemom)

source : lifehack.org

SHARE