ဝက်စ်ဟမ်းကိုရှုံးပြီးနောက် စပိန်မှာ ကောင်မလေးနဲ့ အပန်းဖြေနေတဲ့ ဒယ်လီအလီ

ပြီးခဲ့တဲ့အပတ် ပရီးမီယားလိဂ်ပွဲစဉ် (၃၅) အပြီးမှာ စပါးအသင်းဟာ ၀က်စ်ဟမ်းအသင်းကို (၁) ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သောကြောင့် ပြိင်ဘက် ချဲလ်ဆီးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးပြီးချင်းမှာ စပါးအသင်းရဲ့ ကစားသမားအဓိက ကစားသမားတစ်ဦးဖြစ်တဲ့  Dele Alli ကတော့ ချစ်သူ Ruby mae ကို ခေါ်ပြီး အသင်းရဲ့ ကစားဖော် Michel Vorm and Kieran Trippier တို့နဲ့အတူ စပိန်ကမ်းခြေမှာ အပန်းဖြေအနားယူလျက်ရှိပါတယ်။

စပိန်ကမ်းခြေမှာ အပန်းဖြေနေတဲ့ ၂၁ နှစ်အရွယ် အယ်လီကိုမြင်တွေ့ခဲ့တဲ့ ပရိသတ်တစ်ဦးကတော့ “သူကိုကြည့်ရတာ အပူပင်ကင်းမဲ့စွာ ပျော်နေတဲ့ပုံပါပဲ” ဟု ပြောဆိုခဲ့ပါတယ်။ စပါးအသင်းဟာလည်း ယခုရှုံးပွဲကြုံတွေ့မှုကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက်နည်းပါးသွားခဲ့ပါတယ်။

READ
ထောင့်ကန်ဘောကနေတိုက်ရိုက်ကန်သွင်းခဲ့တဲ့ အလှဆုံးဂိုး(၁၀)ဂိုး

Myo Ko (shwemom)

Source : The Sun

SHARE