ကျွန်မဟာလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်သားနဲ့ ဘာလို့ရည်းစားမရှိတာလဲ?

Dear Shwemom,

ကျွန်မက တက္ကသိုလ်မှာ အလှဆုံးမိန်းကလေးတွေထဲမှာပါပါတယ်။ လူတိုင်းကလည်း ကျွန်မကို ရည်းစားရှိတယ်
ထင်ကြပါတယ်။ တကယ်တော့ ကျွန်မမှာရည်းစားမရှိပါဘူး။ အချို့ကောင်လေးတွေက အစကတော့ ချဉ်းကပ်ပြီး
နောက်တော့ ဆက်မကြိုးစားကြတော့ပါဘူး။ ကျွန်မကလည်း နည်းနည်းတော့ ဂျီးများပါတယ်။ ဒါပေမယ့် ကျွန်မ
အခု အသက်၂၀ရောက်တဲ့အထိ ရည်းစားမရသေးတာကိုတော့ ကိုယ့်ကိုယ်ကိုလည်း အံ့သြမိပါတယ်။ ကျွန်မ
ဘာမှားလို့မှားနေမှန်းကို မသိပါဘူး။ ကျွန်မကို အကြံပေးပါအုံး Shwemomရေ။

Shwemom မှအကြံပြုချက်

ညီမရေ ပထမဆုံး အကြံပြုချင်တာကတော့ Singleဖြစ်တာ ဘာမှအားငယ်စရာမလိုပါဘူး။ လောကကြီးမှာ
ပျော်ရွှင်နေတဲ့ singleတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ညီမက Singleမဖြစ်ချင်ဘူးဆိုရင်တော့
အရမ်းလှတဲ့ကောင်မလေးတွေမှာ ရည်းစားမရှိရခြင်းအကြောင်းရင်း(၆)ချက် ကိုဖတ်ကြည့်ပါ။ ဒါမှမဟုတ်
ညီမလေးတစ်သက်လုံး singleဖြစ်နိုင်မဖြစ်နိုင်သိချင်ရင်တော့ တစ်သက်လုံး FA (သို့) Single ဖြစ်မယ့်
လက္ခဏာ(၈)ရပ်
 ကိုဖတ်ကြည့်ပါ။ ဒါမှမဟုတ် Singleတွေရဲ့ အားသာချက်ကို ဖတ်ချင်ရင်တော့ Singleတွေ
ရဲ့ အားသာချက်များ
 နဲ့ Single ဖြစ်ခြင်း၏ အကျိုးကျေးဇူးများ ကို ဖတ်ကြည့်ပါ။ အဆင်ပြေပါစေညီမလေး။

READ
အဆင့်အတန်းကွာလွန်းတဲ့ချစ်သူကို ကျောခိုင်းသင့်သလား ... ?

Shwemom

(ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရ၊ ဖွင့်တိုင်ပင်လို့မရတဲ့ ကိစ္စမျိုးတွေကို ShweMOM ကိုမေးလို့ရပါပြီ။ မေးသူရဲ့
နာမည်ကိုဘယ်တော့မှ ဖော်ပြမှာ မဟုတ်ပါဘူး။ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်ပါက [email protected] သို့အီးမေးလ်ပေးပို့ကာ မေးမြန်းနိုင်ပါတယ်။ အီးမေးလ်မှ တစ်ယောက်
ချင်းတော့ပြန်ကြားပေးမှာ မဟုတ်ပါဘူး။ ဒီဝက်ဘ်ဆိုဒ်ပေါ်က တစ်ဆင့်ပဲ ပြန်လည်ဖြေကြားပေးသွားမှာပါ။)

shwemom post photo

SHARE