မျက်နှာပေါ်က အမှတ်ကြောင့် ကဲ့ရဲ့တာတွေ ခံခဲ့ရပေမယ့် အံတုပြီး မော်ဒယ်ဖြစ်လာသူလေး

မျက်နှာပေါ်က မွေးရာပါအမှတ်ကြီးကြောင့် ငယ်စဉ်က ဝေဖန်ကဲ့ရဲ့  ခံခဲ့ရတဲ့ မိန်းကလေးဟာ နောက်ဆုံးမှာတော့ ဝေဖန်မှုတွေ ကို ကြံ့ကြံ့ ခံပြီးမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူမရဲ့ မျက်နှာပေါ်က အမှတ်ကြီးကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။သူမ နာမည်ကတော့ Mariana Mendes ၊အသ က်(၂၄)နှစ်ဖြစ်ကာ ဘရာဇီးနိုင်ငံ Juiz de Fora မှဖြစ်ပါတယ်။

ဝေဖန်ကဲ့ရဲ့သူတွေက သူမကို သန္ဓေပါရောဂါသည်တစ်ယောက်လို့ ဝေဖန်ခဲ့ပြီး၊ရုပ်ဆိုးမ၊လူထူးလူဆန်းကြီးလို့ ပြောဆိုတာတွေကို ခံခဲ့ရပါ တယ်။Mariana က လူတွေက ပြောတဲ့ သူမမျက်နှာပေါ်က ချို့ယွင်း ချက်ဆိုတဲ့ အရာကို ချစ်တတ်အောင် ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ဒါဟာ သူမရဲ့တမူထူးခြားတဲ့ လက္ခဏာရပ်တစ်ခုလို့ လက်ခံလာနိုင်ေ အာင် ကြိုးစားခဲ့ပါတယ်။သူမအသက်ငါးနှစ်လောက်တုန်းက အမှတ် ကြီး လျော့သွားအောင်ဆိုပြီး လေဆာနဲ့ကုသမှုခံ(၃)ကြိမ်လောက် ခံယူခဲ့ပါသေးတယ်။ဒါပေမယ့် ပျောက်မသွားပဲ ဒီအတိုင်းရှိနေခဲ့တာပါ။

READ
မရဏမင်းကို လက်ချင်းအတူတူချိတ်လို့ စောင့်မျှော်နေခဲ့ကြတဲ့ ဇနီးမောင်နှံ

သူမကလည်း မျက်နှာပေါ်က အမှတ်ကြီးကြောင့် သူများတွေထင် သ လို ရှက်မနေပဲ ရဲရဲဝံ့ဝံ့နဲ့ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။”သူများတွေနဲ့ လုံး ၀မတူပဲ ခြားနားတော့ ကိုယ့်ကိုယ်ကို လှတယ်လို့ ပိုခံစားမိတယ်။မွေး ရာပါ အမှတ်ကပုံမှန်အားဖြင့်တော့ သိပ်မကြီးပါဘူး။ဒါကြောင့် လူေ တွက အမှတ်ကြီးတွေကိုမြင်ရင် စိုက်ကြည့်တယ်၊မနှစ်သက်တဲ့ အမူအ ယာပြတယ်။ဒါပေမယ့် ကျွန်မကတော့ ဂရုမစိုက်ပါဘူး” လို့ဆိုပါတယ်။

ဒီအမှတ်နဲ့ပတ်သက်ပြီး လူတွေက သူမကို စပ်စုမေးမြန်းတတ်ကြပြီး၊ တတ်တူးလား၊မိတ်ကပ်နဲ့တမင်လုပ်ထားတာလားလို့ ထင်နေကြ တာ ပါ။မွေးရာပါ အမှတ်ပါတာမျိုးဟာ ကလေးနှစ်ထောင်မှာ တစ်ယောက် သာ ဖြစ်လေ့ရှိတဲ့ ရှားပါးတဲ့ အခြေအနေတစ်ခုပါ။အရေပြားရဲ့ အော က်မှာ ရောင်ခြည်ပမာဏ အရမ်းမြင့်တက်လာ၊များလာတဲ့ အတွက် အဲ့ဒီနေရာမှာ အမည်းရောင် အကွက်ပေါ်လာရတာပါ။

READ
သွေးကိုသောက် အခေါင်းထဲမှာပဲအိပ်တဲ့ သွေးစုပ်လူသား

Nilar(Shwemom)

Ref;thesun

SHARE