ကမ္ဘာ့ဈေးအကြီးဆုံး ဆိုင်ကယ်များ

ဒီတစ်ခါတော့ Shwemom ရဲ့ ဆိုင်ကယ်ချစ်သူ ပရိသတ်ကြီးအတွက် ကမ္ဘာ့ဈေးအကြီးဆုံး ဆိုင်ကယ်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Harley-Davidson ( ဒေါ်လာ တစ်သန်း)

အမေရိကန် Harley-Davidson ကုမ္မဏီကနေ ထုတ်လုပ်တဲ့ Harley-Davidson ကတော့ ရောင်းဈေး အမေရိကန် ဒေါ်လာ တစ်သန်းဖြစ်ပါတယ်။ Jack Armstrong ရဲ့ ဒီဇိုင်းကို ထုတ်လုပ်ထားတာဖြစ်ပြီး စွမ်းအားပြည့် အင်ဂျင် ခြောက်လုံး
ထိုးကို တပ်ဆင်ထားတာပါ။ ဒီဇိုင်းကလည်း အလွန်လန်းပြီး အမေရိကန်မှာတော့ လူကြိုက်အများဆုံးဆိုင်ကယ် ဖြစ်ပါ
တယ်။

(၂) Ultra Rare Porcupine ( ဒေါ်လာ 7 သိန်းခွဲ)

ဒေါ်လာ 7.5 သိန်း ရောင်းဈေးရှိတဲ့ Ultra Rare Porcupine  ဆိုင်ကယ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းကတည်းက မော်တော်ဆိုင်ကယ်လုပ်ငန်းကိုသာ တစ်စိုက်မက်မက် ထုတ်လုပ်ခဲ့တဲ့ အင်္ဂလန်အခြေစိုက် Porcupine Company ရဲ့ အထူး
ထုတ်ကုန်ဖြစ်ပြီး ဒီဆိုင်ကယ်ကိုလည်း ရှေးယခင်ဆိုင်ကယ်ခေတ်ကတည်းက ခေတ်စားခဲ့တဲ့ ဒီဇိုင်းအတိုင်း အဆင့်မြှင့်
တင်ထားခြင်း ဖြစ်ပါတယ်။

READ
2017 ခုနှစ်မှာ ရာသီဖွားများအလိုက် ဆောင်ရန်ရှောင်ရန်များ (တရုတ်ဗေဒင်)

(၃) Gold Plated Custom Chopper (ဒေါ်လာ 5 သိန်း)

Gold Plated Custom Chopper ကတော့ ဒေါ်လာ ငါးသိန်းအထိ တန်ကြေးရှိပြီး ရွှေရောင်နဲ့ဖန်စီဖြစ်အောင် ထုတ်
လုပ်ထားတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ သတ္တုဘော်ဒီဖြစ်တာကြောင့် လေးလေးပင်ပင် မဖြစ်ပဲ လျှင်မြန်မှုကို အခြေခံ
ထုတ်လုပ်ထားတယ်လိုပ သိရပါတယ်။

(၄) The legendary British classic black ( ဒေါ်လာ 4 သိန်း)

အနက်ရောင် The legendary British classic ဆိုင်ကယ်ကလည်း ပေါက်ဈေး ဒေါ်လာ 4 သိန်းအထိ ရှိပြီး ဗြိတိန်မှာတော့ အထူးရေပန်းစားတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ 250 CC အထိ ထောက်ပံ့ပေးနိုင်တဲ့ ဆလင်ဒါနှစ်ခု ပါဝင်ပြီး အမြန်နှုန်းက
တော့ သာမန်သာရှိပါတယ်။ ဒါပေမယ့် ဆိုင်ကယ်ရဲ့ အသွင်အပြစ်နဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အဆင့်အတန်းမြင့်စွာ
တပ်ဆင်ထားလို့ ရောင်းအားကောင်းတဲ့ ဆိုင်ကယ်လည်း ဖြစ်ပါတယ်။

READ
ထူးထူးဆန်းဆန်းမျိုးရိုးဗီဇချွတ်ယွင်းမှုဖြင့် မွေးဖွားလာသူများ

(၅) Ecosse FE Ti XX ( ဒေါ်လာ 3 သိန်း)

ဒေါ်လာသုံးသိန်းအထိ ပေါက်ဈေးရှိတဲ့ Ecosse FE Ti XX ဆိုင်ကယ်မှာတော့ 225 မြင်းကောင်ရေအထိ ထောက်ပံ့ပေး
နိုင်တဲ့ အလူမီနီယမ်အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ တိုက်တေနီယမ် သတ္တုကိုသာ အသုံးပြုထားပြီး အကြမ်းခံသလို၊
တန်ဖိုးကလည်း ကြီးမားပါတယ်။ အမြန်နှုန်း 250 mph ထိ မောင်းနှင်နိုင်တဲ့ ဆိုင်ကယ်ဖြစ်ပါတယ်။

ညီလင်းထက် (Shwemom)

source : wonderslist.com

SHARE