ဒုတိယကမ္ဘာစစ်တွင်းအသုံးပြုခဲ့တဲ့ တိုက်လေယာဉ်တစ်စီးကို ရုရှားရေလက်ကြားမှ ဆယ်ယူရရှိခဲ့

ရုရှားနိုင်ငံနှင့် ယခင် ယူကရိန်းနိုင်ငံပိုင်ခရိုင်းမီးယားပြည်နယ်ရှိ ကာ့ခ်ျ ရေလက်ကြားမှ ဆိုဗီယက်နိုင်ငံ သို့ အမေရိကန်နိုင်ငံမှ ငှားရမ်းပေးခဲ့တဲ့ Curtiss P-40 Warhawk လေယာဉ်ကို ရေအောက်မှ တူးဖော်ရရှိခဲ့ပါတယ်။Curtiss P-40 Warhawk တိုက်လေယာဉ်ဟာ ပင်လယ်ရေလက်ကြားထဲမှာ နစ်မြှပ်နေတာ နှစ်ပေါင်း ၇၀ ခန့်ရှိနေပြီလို့ သိရပါတယ်။

ဒီတိုက်လေယာဉ်ကို ရုရှားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး နာဇီဂျာမနီကိုတိုက်ခိုက်စဉ် အမေရိကန် နိုင်ငံက စတာလင်ရဲ့ တပ်နီတော်ကို ငှားရမ်းပေးခဲ့တဲ့ တိုက်လေယာဉ် အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။

ယခုတိုက်လေယာဉ်ဟောင်းကိုတော့ ကာ့ခ်ျ ရေလက်ကြားမှာ ပေါင် ၂.၆ ဘီလီယံတန်ဖိုးရှိ တံတားတည်ဆောက်စဉ် ရေငုတ်သမားများရှာဖွေစဉ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်လေယာဉ်ဟောင်းကို ကရိန်းဖြင့်ဆယ်ယူခဲ့ပြီးနောက် သမိုင်းပြတိုက်တစ်ခုခုမှာ ပြသသွားဖို့ရှိတယ် လို့  Russia Today သတင်းစာကဖော်ပြခဲ့ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်းမှာ Curtiss P-40 Warhawk တိုက်လေယာဉ် အမျိုးအစားများဟာ တတိယ ထုတ်လုပ်မှု အများဆုံးတိုက်လေယာဉ်များဖြစ်ပြီးတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တည်ဆောက်ခဲ့ကြတယ် လို့သိရပါတယ်။

READ
မိသားစုငါးယောက်စာရဲ့ တစ်ပတ်စာဈေးဖိုးကို ( £38 )နဲ့ လောက်အောင် သုံးနိုင်တဲ့အိမ်ရှင်မ

ကာ့ခ်ျ ရေလက်ကြားတံတား ၂၀၁၄ ခုနှစ်က ပူတင် ယူကရိန်းနိုင်ငံ ပိုက်နက် ခရိုင်းမီးယား ပြည်နယ်ကို သိမ်းပြီးနောက်ပိုင်း တည်ဆောက်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။တံတားရဲ့ အရှည်က ၁၂ မိုင်ရှိမှာဖြစ်ပြီး တံတားကိုယ်ထည် ၇၀ % နှုန်းကတော့ တည်ဆောက်ပြီးစီးနေပြီဖြစ်ပါတယ်။တံတားကို ၂၀၁၅ ခုနှစ် မေလကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပြီးစီးမယ်လို့သိရပါတယ်။တံတားတည်ဆောက်ခွင့်စာချုပ်ကိုတော့ ပူတင်ရဲ့ ရေခဲပြင် ဟော်ကီ ရိုက်ဖော် အာကဒီ ရိုတင်ဘာဂ်ျ (Arkady Rotenberg)ရဲ့ ကုမ္ပဏီက အနိုင်ရပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

SHARE