မကစားနိုင်ချိန်မှာပိုက်ဆံမယူချင်လို့ ပေါင် ၁၃သန်းတန်စာချုပ်ကို ပယ်ချလိုက်တဲ့မိုဗစ်ခ်ျ

ဒူးဒဏ်ရာရနေခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် အီဗရာဟီမိုဗစ်ကို နည်းပြဖြစ်သူ မော်ရင်ဟိုက စာချုပ်သက်တမ်းတိုးဖို့အတွက် ဆန္ဒရှိနေပါတယ်။ဒါကြောင့် မော်ရင်ဟိုက ဒဏ်ရာရနေတဲ့ မိုဗစ်ကို ပေါင် ၁၃ သန်းတန် စာချုပ်ချုပ်ဆိုခဲ့ပေမဲ့လည်း မိုဗစ်ဟာ အသင်းအတွက် မကစားပေးနိုင်ဘဲ ပိုက်ဆံ မယူလိုတဲ့အတွက် မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

မိုဗစ်ဟာ မန်ယူအသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်ဖြစ်တဲ့ အန်ဒါလတ်ခ်ျနဲ့ ပွဲချိန် နောက်ဆုံးမိနစ်မှာ မြေပြင်ပေါ် အကျမတော်မှုကြောင့် ဒူးအရှေ့ဘက်ပိုင်းစုတ်ပြဲသွားခဲ့တဲ့ ဒဏ်ရာရ ခဲ့တာ ဖြစ်ပါတယ်။ဒဏ်ရာကြောင့် မိုဗစ်ဟာ ၉ လ ခန့် အနားယူရမှာ ဖြစ်ပြီး နောက်ရာသီမှ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

မိုဗစ်ဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ယူအသင်းနဲ့ တစ်ပါတ်လုပ်ခ ပေါင် ၂ သိန်းခွဲ နဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး နှစ်ဖက်လုံး လက်ခံမယ်ဆိုရင် နောက်နှစ်အတွက် သက်တမ်းတိုးမယ်ဆိုတဲ့ သဘောတူညီချက်ပါ ပါဝင်ခဲ့ပါတယ်။ယခုရာသီမှာ မိုဗစ်ဟာ စုစုပေါင်း ၂၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။မန်ယူအသင်း ဘုတ်အဖွဲ့ကတော့ မန်ယူအသင်းအတွက် အကောင်းဆုံးကစားပေးခဲ့တဲ့ မိုဗစ်ကို ဒဏ်ရာရနေပေမဲ့ ကစားသမားကို သစ္စာရှိတဲ့အနေနဲ့ စာချုပ်သက်တမ်းဖို့ မီးစိမ်းပြထားပေမဲ့ မိုဗစ်က ငြင်းပယ်ခဲ့ပါတယ်။

READ
လှလှပပသွင်းခဲ့တဲ့ Bicycle & Scissors Kick ဂိုးများ

မော်ရင်ဟိုကတော့ မိုဗစ်ရဲ့ကစားသမား ဘ၀ဟာ မပြီးဆုံးသေးဘူးလို့ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ” မိုဗစ်ဟာ ခွဲစိတ်မှုကြီးတစ်ခု လုပ်ရဦးမှာ ဖြစ်ပြီး အချိန်ကာလ ကြာမြင့်စွာ အနားယူရဦးမှာပါ။ဒါပေမဲ့ မိုဗစ်ဟာ စိတ်ပိုင်းဆိုင်ရာ သန်မာတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ကစားသမားဘ၀က လူတွေထင်နေသလို အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။မိုဗစ်ဟာ ဘယ်တော့မှ အရှုံးမပေးတဲ့ သူမျိုးဖြစ်ပြီး ဒီစိတ်ဓာတ်မျိုးရှိနေတာကို ကျွန်တော် လေးစားပါတယ်။မိုဗစ်ဟာ မွေးကတည်းက အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး ယခုလည်း ဒီအခက်အခဲကို သူနောက်တွန့်သွားမှာ မဟုတ်ဘူး ” လို့ပြောဆိုခဲ့ပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

SHARE